EMMC EMMC နှင့်ပတ်သက်ပြီး လေ့လာစရာများမကုန်နိင်အောင်များပြားလှပါသည်။ထုတ်လုပ်သည့်ကုမ္ပဏီများလဲများစွာရှိပြီး၊အမျိုးအ စားများလဲများစွာရှိသည့်အတွက် ယ္ခုပို့ တွင် SK Hynix အမျိုးအစား eMMC တစ်မျိုးအားလေ့လာမိသလောက်ဖော်ပြပေးလိုက်ပါသည်။အ နဲငယ်လွဲချော်မှုရှိခဲ့ပါက ကျွန်တော့်ရဲ့ လေ့လာမှုအားနဲချက်ကြောင့်သာဖြစ်ပါသည်။ EMMC တစ်လုံးတွင်နံပါတ်များ များစွာရေးထားတာတွေ့ ရမှာပါ။ ၎င်းစာတစ်လုံးစီတွင် အဓိပ္ပာယ်တစ်ခုစီရှိနေပါသည်။ထိုအချက် အားသိရှိနိင်ရန် အောက်ပါ Nand flash part numbering table ကိုလေ့လာကြည့်ဖို့ လိုပါသည်။ SK Hynix တံဆိပ်တွေရဲ့ ရှေ့ ဆုံးစာလုံးမှာ ယ္ခင် မော်ဒယ်အနိမ့်တွေမှာ HY စာလုံးဖြင့်စသော်လည်းနောက်ပိုင်းဝင်လာသော EMMC များတွင် H ဖြင့်သာစပါသည်။ ၎င်းသည်ကုမ္ပဏီ၏အမှတ်တံဆိပ် Hynix ကို ကိုယ်စားပြုပါသည်။ ဒုတိယစာလုံးသည် Product Family name ဖြစ်ပါသည်။ 2 ဖြင့်စလျင် Flash product ဖြစ်သည်။ အကယ်၍ 9 ဖြင့်စလျင် LPDDR (SRAM) Product ဖြစ်ပါသည်။ တတိယစာ လုံးသည် Product Mode ကိုဆိုလိုခြင်းဖြစ်သည်။ ဥပမာ H26M64103EMR ဟုရေးထားသော EMMC တစ်လုံးတွင် တတိယစာလုံး 6 သည် Nand flash အမျိုးအစားကိုရည်ညွန်းခြင်းဖြစ်သည်။ ၎င်းတွင် RAM ပါဝင်ခြင်းမရှိပဲ ROM သီးသန့် အိုင်စီဖြစ်ကြောင်းဖော်ပြထားခြင်း ဖြစ်သည်။ အောက်ပါစာလုံးအားလေ့လာကြည့်ပါ။ H9TP32A8JDAC ၎င်း EMMC ၏ ဒုတိယစာလုံးနေရာတွင် 9 ဂဏန်းကိုတွေ့ ရပါမည်။ ၎င်းသည် LPDDR (RAM) ပါဝင်သည်ဟုဆို လိုခြင်းဖြစ်ပါသည်။ ထို့ ကြောင့် ၎င်း EMMC ကိုကြည့်လျင် NAND4GB+ RAM1GB ပါဝင်တာတွေ့ ရပါမည်။ နံပါတ် ၄ နေရာသည်ပေးသွင်း ဗို့ ကိုဖော်ပြသောနေရာဖြစ်သည်။ H26M သည် 3.3V ပေးသွင်းနိင်သည်။ နံပါတ် ၅ နေရာသည် EMMC ၏ Density ကိုဖော်ပြခြင်းဖြစ်သည်။ ROM ပမာဏအနဲအများကို ဖော်ပြပေးခြင်းဖြစ်သည်။ ဥပမာအားဖြင့် H26M3=4GB. H26M4=8GB. H26M5=16GB. H26M6=32GB. H26M7=64GB. H26M8=128GB. H26T8=256GB. စသဖြင့်ခွဲခြားထားခြင်းဖြစ်ပါသည်။ နံပါတ် ၆ နေရာသည် EMMC ၏ NAND CLASSIFICATION( FLASH Die )ပါဝင်မှုကိုဖော်ပြခြင်းဖြစ်သည်။ ဥပမာအားဖြင့် H26M31 =1 STACK. H26M52 =2 STACK. H26M6 =4 STACK. H26M7 =8 STACK. စသဖြင့်ဖော်ပြထားပါသည်။ Memory ပမာနနဲသော 4gb,8gb တို့ တွင် nand flash ကို တစ်ခုတည်းသာထည့်သွင်း တည်ဆောက်ထားတတ်ပြီး 16gb,32gb, etc. တို့ တွင် nand flash ကို အလွှာများခွဲကာ ထည့်သွင်းတည်ဆောက်ထားကြပါသည်။ထိုကဲ့  သို့ အလွှာပာဝင်ဆက်သွယ်မှုပမာဏကို STACK ဖြင့်ခွဲထားခြင်းဖြစ်သည်။ ROM ပမာဏများလေ SRACK များလေ Die များတစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသောပတ်လမ်းများများလာသောကြောင့် အပူပေးများခြင်း၊ ချိတ်များရှင်းသည့်အခါ emmc ၏ အပေါ်ယံပတ်လမ်းများပြတ် တောက်ခြင်းကြောင့် ပျက်စီးနိင်သဖြင့်ပို၍ဂရုစိုက်ကိုင်တွင်သင့်ပါသည်။ အောက်ပါပုံတွင်လေ့လာကြည့်ပါ။ နံပါတ် ၇ နေရာသည် emmc version ကိုဖော်ပြပေးသောအပိုင်းဖြစ်သည်။ ဥပမာအားဖြင့် H26M31001 (001) သည် MMC Version 4.41 ကိုရည်ညွန်းပါသည်။ အောက်ပါအတိုင်းလေ့လာနိင်ပါသည်။ H26M21001FPR = 4.41. H26M31002GPR =4.41. H26M31003GMR =4.5. H26M41103HPR =5.0. H26M52103FMR =5.0. H26M41204HPR =5.1. စသဖြင့်ခွဲခြားနိင်ပါသည်။ နောက်တစ်ခုကတော့ EMMC ရဲ့ နံပါတ်ကိုကြည့်ပြီး BGA Type ကိုခွဲခြားနိင်ပါသည်။ ဈေးကွက်ထဲတွင် အသုံးအများဆုံး EMMC (3) မျိုးတွေ့ ရပါမည်။ ၎င်းတို့ မှာ BGA 162, BGA153, BGA221 တို့ ဖြစ်ကြပါသည်။ ၎င်းတို့ အထဲတွင် BGA 153သည် ROM သီးသန့် အ သုံးပြုထားသော EMMC အမျိုးအစားဖြစ်သည်။ ထို့ ကြောင့်၎င်း EMMC ၏နံပါတ်ပေါ်တွင် 9 ဂဏန်းကိုတွေ့ ရမည်မဟုတ်ပါ။ ဥပမာ H26M42003GMR = ROM8GB, BGA153. H26M54003EMR = ROM16GB, BGA153. H26M64103EMR = ROM32GB, BGA153. H26M78003BFR = ROM64GB, BGA153. စသဖြင့် BGA Type နှင့် ROM တန်ဖိုးများအားခွဲခြားနိင်ပါသည်။ အကယ်၍ နံပါတ်ပေါ်တွင် 9 ဂဏန်းပါဝင်ပါက ROM +RAM နှစ်မျိုးပါဝင်ပါသည်။ BGA Type ကို JDAC/JTMC စလုံးဖြင့်ထပ်မံခွဲထားပါသည်။ H9TP32A8JDAC =( NAND 4GB + LPDDR2, BGA162) (G625,G610,G615,honor 3c,Y600,G630,G730,Y511,Y520) အစရှိသည့် ဖုန်းအများစုတွင်အသုံးပြုထားပါသည်။ H9TP32A8JDBC =( NAND4GB + LPDDR2, BGA162) (G6,G630,G730,Y625,Holly-U10 T00,) တို့ တွင် အသုံးပြုပါသည်။ H9TP32A4GDCC =( NANG4GB + LPDDR2, BGA162) (Y330,Y520,Y530,Y600,J110H,E612) တို့ တွင်အသုံးပြုပါသည်။ H9TP18A8JDMC =( NAND16GB + LPDDR2, BGA162) ( 3C Lite,A5500,A3500) တို့ တွင်အသုံးပြုကြပါသည်။ H9TQ17ABJTMC =( NAND16GB +LPDDR3, BGA221) (P8 Lite,GR3,Desire 620,Xperia M4) တို့ တွင်အသုံးပြုပါသည်။ H9TQ64A8GTMC =( NAND8GB+ LPDDR3, BGA221) (Y6, J200H, Desire 626G,GX1) တို့ တွင်အသုံးပြုပါသည်။ H9TP65A8JDAC =( NAND 8GB + LPDDR2, BGA162) (G620S,A3300,Desire 700) တို့ တွင်အသုံးပြုထားပါသည်။ ပထမဦးစွာ EMMC သို့ ပါဝါပေးသွင်းရသည့်အပိုင်းအားလေ့လာကြည့်ပါမည်။ BGA 153 EMMC သည် ROM သီးသန့် ပါဝင်သော EMMC ဖြစ်သည့်အတွက် ၎င်းတွင် Controller အပိုင်းနှင့် Flash Memory အပိုင်းနှစ်ခုသာပါရှိပါသည်။ ထို့ ကြောင့် ဗို့ အားပေးသွင်းသော လမ်းကြောင်းနှစ်ခုပါရှိပါမည်။ ၎င်းတို့ မှာ VCC,VCCQ တို့ ဖြစ်သည်။ VCC သည် Flash Momery အတွက် လိုအပ်သော Power ပေးသွင်းသည့်အပိုင်းဖြစ်သည်။ EMMC အမျိုးအစားအလိုက် 2.8V,3.0V,3.3V အစားစားပေးသွင်းကြပါသည်။ VCCQ သည် Controller အပိုင်းအတွက်ပေးသွင်းရသော ဗို့ လမ်းကြောင်းဖြစ်ပါသည်။ ၎င်း ဗို့ အားမှာ 1.8V ဖြစ်သည်။ ပုံတွင် အနီရောင်ဖြင့်ပြထားသော VDDI လမ်းကြောင်းမှာပြင်ပရှိ Capacitor တစ်လုံးဖြင့်ဆက်သွယ်ထားသောအပိုင်းဖြစ်ပါသည်။၎င်းလမ်း ကြောင်းအား 9008 ၀င်လိုသောအခါ Testpoint အဖြစ်အသုံးပြုနိင်ပါသည်။အောက်ပါပုံတွင် emmc ဗို့ အားပေးပိုင်းကိုဖော်ပြထားသော schematic diagram တစ်ခုအားတွေ့ ရပါမည်။ EMMC တစ်လုံးအား အဖြုတ်အတတ်မလုပ်မှီ၎င်းအားပေးသွင်းထားသော ဗို့ လမ်းကြောင်းများပုံမှန်ရောက်မရောက်ဦးစွာစစ် ဆေးရပါမည်။ဗို့ ပျောက်နေပါကသက်ဆိုင်ရာလမ်းကြောင်းများစစ်ဆေးခြင်း၊ DC to DC လေးများစစ်ဆေးခြင်းတို့ ပြုလုပ်ရပါမည်။ဗို့ များပုံ မှန်ရောက်ပြီဆိုလျင် EMMC တစ်လုံးအား CPU မှ ထိန်းချုပ်ထားသောအပိုင်းကိုဆက်လက်လေ့လာရပါမည်။ ၎င်းအပိုင်းတွင် Controller အပိုင်းတွင် အဓိကဆက်သွယ်ထားသော data signal အုပ်စု(၃)ခုပါရှိပါသည်။ ၎င်းတို့ မှာ • MCC clock (CLK) • Command in / response out (CMD) • Data input / output (DAT) စသည်တို့ ဖြစ်ပါသည်။အောက်ပါပုံတွင်လေ့လာနိင်ပါသည်။ ၎င်းပုံတွင် အနီရောင်ဖြင့်ပြထားသောအပိုင်းသည် Controller အပိုင်းနှစ်ခုဖြစ်ပါသည်။ Master Controller အပိုင်းသည်၊ CPU အတွင်းတည်ဆောက်ထားပြီး၊ Slave Controller အပိုင်းအား EMMC အတွင်းထည့်သွင်းတည်ဆောက်ထားပါသည်။ ထိုအပိုင်းနှစ်ခုသည် CPU နှင့် Flash Memory တို့ အားချိတ်ဆက်ပေးသော Interface (I/F) အပိုင်းဖြစ်ပါသည်။ MCC clock အပိုင်းသည် Data bus လမ်းကြောင်းများစီးဆင်းနိင်စေရန် အချိန်ကိုက်ပေးသွင်းထားသော frequency တစ်ခုဖြစ် သည်။ နောက်ပိုင်းဝင်လာသော 5.0,5.1 version အမြင့် emmc များတွင်၊ Data bus width : 1bit(default), 4bits, 8bits - Data transfer rate: up to 400MB/s (HS400) - MMC I/F Clock frequency : 0~200MHz - MMC I/F Boot frequency : 0~52MHz ပမာဏကိုအသုံးပြုကြပါသည်။ CMD သည် Command လိုင်းဖြစ်ပြီး( Device Intialization) Nand Flash အားစစ်ဆေးခြင်းနှင့် Command code များအားရွေ့ ပြောင်းပေးခြင်း ( Command Transfer) အပိုင်းပါ အလုပ်လုပ်ရသောကြောင့် Bidirectional channel အဖြစ်သပ်မှတ်ကြပါသည်။ Command has two operating modes: (1) Open-drain for initialization. (2) Push-pull for fast command transfer. DATA အုပ်စုသည် အသွားအပြန်လမ်းကြောင်း( ၈)ခုဖြင့် ဖွဲ့ စည်းတည်ဆောက်ထားပါသည်။ ၎င်းဒေတာလမ်း ကြောင်းများသည် D0 ~D7 Bidirectional channel ၈ခုဖြင့် ဒေတာများကိုအသွားအပြန်သယ်ဆောင်ပေးပါသည်။ EMMC တစ်လုံးတွင် NAND Flash အပိုင်းတွင် partition များပိုင်းပိုင်းကာ CPU နှင့်ချိတ်ဆက်အလုပ်လုပ်ကြသည်။ ပုံမှန်အားဖြင့် EMMC တစ်လုံးအားအောက်ပါအတိုင်း အပိုင်းများပိုင်းခြားတတ်ပါသည်။ (1) Boot1. (2) Boot2. (3) RPMB. (4) User area. ဟူ၍အကြမ်းအားဖြင့် (၄)ပိုင်းခွဲခြားနိင်ပါသည်။ ၎င်းတို့ အထဲတွင် User area အပိုင်းတွင် အထွေထွေ အပိုင်းငယ်လေးခု ထပ်မံပိုင်းခြားထားပါသည်။ ၎င်းတို့ မှာအောက်ပါအတိုင်းဖြစ်ပါသည်။ GP1 GP2 GP3 GP4 ဟူ၍အပိုင်းငယ်လေးပိုင်းရှိပါသည်။ တစ်ခါတစ်ရံ ဆော့ဝဲပိုင်းများမှားယွင်းမှုကြောင့် LOGO လည်နေခြင်း၊ Flashtool ဖြင့် Fomat ရိုက်ထားခြင်း၊ဒေတာအရေးခံပြီး ပါဝါမတက်သည့်အခါ emmc အတွင်းရှိဒေတာများရှင်းလင်း၍ write pirtition setting တွင်အမှန်ခြစ် လေးများအကုန်ပေးကာပြန်ပြင်ပေးနိင်ပါသည်။ ပြီးလျင် flashtool နှင့်ပြန်ရေးနိင်ပါသည်။ အထက်ပါပုံသည် emmc အတွင်းအဓိကပိုင်းခြားထားသော hardware partition ကိုဖော်ပြထားပုံဖြစ်ပါသည်။ ၎င်း partition များ အတွင်း software code များအား sector များပိုင်းကာထည့်သွင်းထားခြင်းဖြစ်သည်။
Enter the password to open this PDF file:
-
-
-
-
-
-
-
-
-
-
-
-