နှလုံးကျန်းမာရေးလက်စွဲ eBook by ဒေါက်တာ အေးစုခိုင်ဦး နှလုံးကျန်းမာဖို့ ဘယ်လိုစားသောက်မလဲ နှလုံးသွေးကြောကျဥ်းရောဂါကို ကာကွယ်ဖို့အတွက် နေ့စဥ်စားသောက်မှု ပုံစံကို သိချင်ပါတယ်။ -Healthy Diet လို့ခေါ်လေ့ရှိတဲ့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ မျှတစုံလင် သော နေ့စဥ်စားသောက်မှုပုံစံကို မွေးမြုသင့်ပါတယ်။ နေ့စဥ်စားသင့်တဲ့ အစားအစာတွေကတော့ - အသီးအရွ က်၊သစ်သီး၊ပဲအမျိုးမျိုး - ပရို တင်းဓာတ်ကို ပေးစွမ်းနိုင်တဲ့ ကြက်သား၊ငါး၊ပဲပိစပ် - ကျန်းမာရေးအတွက် ကောင်းကျိုးပေးသော အဆီများ ဥပမာ သံလွင်ဆီ - Low Fat နို့နှင့်ဒိန်ချဥ် - ရေလုံပြုတ်ထားသော အစားအစာများ - အချိုနှင့် အဆီအဆိမ့်ပါ၀င်မှုနည်းသော အစားအစာများဖြစ်ပါတယ်။ ရှောင်သင့်တဲ့အစားအစာတွေကတော့ - အနီရောင်အသားများ - မပြည့်၀ဆီပါ၀င်သောအစားအစာများ - ဆားလွန်ကဲစွာပါ၀င်သောအစားအစာများ - ဆိုဒါ၊သကြားနှင့် အချိုလွန်ကဲစွာပါ၀င်သော အစားအစာများ - အဆီအစိမ့်များသော အစားအစာများ - အသင့်စားအစားအစာများ - ဆီဖြင့်ကြော်ထားသော သရေစာများတို့ ဖြစ်ပါတယ်။ Coenzyme Q10 နဲ့ နှလုံးကျန်းမာရေး Coenzyme Q10က နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေပါ သလား -Coenzyme Q10 ဆိုတာ လူတွေရဲ့ ကိုယ်တွင်းမှာ သဘာ၀အတိုင်းရှိနေတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။အချို့သော အစားအစာတွေမှာလည်း Coenzyme Q10 ပါ၀င်တာကို တွေ့ရှိရပါတယ်။ - Coenzyme Q10 မှာပါ၀င်တဲ့ anti-oxidants အာနိသင်ကြောင့် ကိုယ် တွင်းရှိဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်ပေးပြီး ဇီဝဖြစ်စဥ်တွေကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ -နှလုံးအလုပ်မလုပ်ခြင်း(Heart Failure)ရောဂါခံစားနေရသူတွေရဲ့ သွေး နှင့်ကြွက်သားတွေမှာဆိုရင် Coenzyme Q10 ဓာတ်နည်းပါးနေတာကို တွေ့ ရပါတယ်။ -ထိုကဲ့သို့ အခြေအနေမျိုးမှာ Coenzyme Q10 ဓာတ်ကို ဖြည့်တင်း ပေးလိုက်ခြင်းဖြင့် ရောဂါအခြေအနေတိုးတက်ကောင်းမွန်လာတာ တွေ့ရှိရ ပါတယ်။ - Coenzyme Q10ဟာ သွေးပေါင်ကိုလည်း ထိမ်းညှိပေးနိုင်ပါတယ်။ - အသက်အရွ ယ်ကြောင့်ဖြစ်စေ အချို့ရောဂါတွေကြောင့်ဖြစ်စေ ကိုယ် တွင်းရှိ Coenzyme Q10ပမာဏမှာ လျော့ကျလာတတ်ပါတယ်။ ဒီလိုအခါ မျိုးမှာတော့ သဘာ၀ Coenzyme Q10ကို တူနာ၊ဆယ်မွန်ကဲ့သို့ ပင်လယ်ငါးများ၊ဟင်းသီးဟင်းရွ က်ဆီများနှင့် အသားတွေကနေ ရနိုင်သလို Coenzyme Q10ဆေးပြားတွေ မှီဝဲခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ နှလုံးရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ နှလုံးနှင့်ပတ်သက်သောရောဂါတွေကို ကာကွယ်ဖို့အတွက် ဘယ်လိုနေထိုင်မှု ပုံစံတွေကို လိုက်နာဆောင်ရွ က်သင့်ပါသလဲ (၁)ဆေးလိပ်ဖြတ်ပါ -ဆေးလိပ်တစ်ဖွာလောက် ရှိုက်လိုက်တာနှင့်တင် သင့်နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်ကို မြင့်တက်စေတယ်ဆိုတာ သိပါသလား။ဒါတင်မက သေးပါဘူး။သင့်သွေးထဲက အောက်ဆီဂျင်ပမာဏကိုလည်း လျော့ကျစေ တဲ့အပြင် အချိန်ကြာလာတာနှင့်အမျှ နှလုံးသွေးကြောကျဥ်းခြင်း၊နှလုံး ကြွက်သားပုပ်ခြင်းနှင့်လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ (၂)ကိုယ်အလေးချိန်လျှော့ချပါ -အ၀လွန်သူများအနေနှင့် ကိုယ်အလေးချိန်ကျစေဖို့ ကြိုးစားသင့်ပြီး ပုံမှန် ကိုယ်အလေးချိန်ကို ဆက်လက်ထိမ်းသင့်ထားသင့်ပါတယ်။ (၃)အရက်လျှော့သောက်ပါ အရက်မဖြတ်နိုင်သူများအနေနှင့် အလယ်အလတ်ပမာဏဖြစ်သော တစ်နေ့ လျှင်အများဆုံးနှစ်ပက်ခန့်သာ သောက်သုံးသင့်ပါတယ်။ (၄)ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ပါ ဟင်းသီးဟင်းရွ က်၊အသီးအနှံများ၊အဆီနည်းသောအသားများ၊ပဲအမျိုး မျိုး၊အဆီနည်းသောနွားနို့တို့ကို နေ့စဥ်စားသုံးသင့်ပြီး အနီရောင်အသား များ၊အငန်နှင့်အဆီလွန်ကဲသောအစားအစာများ၊အသင့်စားသရေစာများ၊ အချိုများသောအစာများကိုရှော င်ကြဥ်သင့်ပါတယ်။ နှလုံးရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ (၅)ကိုယ်လက်လှုပ်ရှားပါ တစ်ပတ်လျှင်အနည်းဆုံး မိနစ်၁၅၀ခန့် လမ်းလျှောက်ခြင်း သို့ မဟုတ် အေ ရိုးဘစ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းလုပ်ဆောင်နိုင်ပါတယ်။ (၆)စိတ်ဖိစီးမှုနည်းပါးအောင်နေထိုင်ပါ -တစ်နေ့လျှင် ၁၅မိနစ်မှ မိနစ်၂၀ခန့် တရားထိုင်ပါ သို့ မဟုတ် ယော ဂကစား ပါ။ မိမိကို စိတ်ဖိစီးစေသောအရာများနှင့် တတ်နိုင်သမျှ ဝေး အောင်နေပါ။ (၇)သွေးပေါင်နှင့် သွေးတွင်းအချိုဓာတ်ကိုပုံမှန်ထိမ်းသိမ်းပါ သွေးတိုးနှင့်ဆီးချိုရောဂါရှိသူတွေအနေနှင့် ဆေးပုံမှန်သောက်ခြင်း၊လူနေမှု ပုံစံပြောင်းလဲခြင်းတို့ဖြင့် သွေးပေါင်နှင့်သွေးတွင်းအချိုဓာတ်ကိုပုံမှန် အနေအထားမှာရှိအောင် ထိမ်းသိမ်းသင့်ပါတယ်။ (၈)အနားယူပါ အိပ်ရေး၀၀အိပ်စက်ပါ။ပုံမှန်အနားယူချိန်သတ်မှတ်ပါ။ နေ့စဉ် လေ့ကျင့်ခန်း လုပ်ပေးခြင်းရဲ့ အကျိုးကျေးဇူး လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခြင်းကြောင့် နှလုံးကျန်းမာရေး တိုးတက် ကောင်းမွန်နိုင်ပါသလား -နေ့စဥ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေကြောင်း လေ့လာချက်များစွာ တွေ့ရှိထားပါတယ်။ -ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိမ်း သိမ်းရာရောက်တဲ့အတွက် အ၀လွန်ခြင်းကို ကာကွယ်ပေးပြီး နောက်ဆက်တွဲ နှလုံးရောဂါဖြစ်ခြင်းကိုလည်း တားဆီးပေးနိုင်တာ ဖြစ်ပါ တယ်။ -ဒါ့အပြင် နှလုံးကိုဖိအားဖြစ်စေတဲ့ သွေးတိုးခြင်း၊ကိုလက်စထရောများ ခြင်းနှင့်ဆီးချိုဖြစ်ခြင်းတို့ကိုလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကာ ကွယ်ပေးနိုင်ပါသေးတယ်။ - အလယ်အလတ်လှုပ်ရှားရတဲ့လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၁၅၀မိနစ်ခန့် ပြုလုပ်ခြင်း သို့ မဟုတ် ပြင်းပြင်းထန်ထန်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် ၇၅မိနစ်ခန့် ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ ယခု eBook ကို Car-Q နှလုံးအားတိုးဆေးမှ ကူညီပံ့ပိုးပေးထားပါတယ် Kalbe Store မှ ဆေးဝါးနှင့် အာဟာရထုတ်ကုန်များ မှာယူရန် Hotline - 09 426660055, 09 42 6665522
Enter the password to open this PDF file:
-
-
-
-
-
-
-
-
-
-
-
-